Tuesday, February 2, 2010

မှောက်ရပြန်ပြီ သပိတ်

ဒီနေ့ ပဲ ၀ရမ်းပြေးလွဏ်းဆွေရဲ့ ဘလော့ဂ်မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ သားနဲ့ ဇနီးဖြစ်သူကို မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃတပ်ပေါင်းစုအဖွဲကြီးက သပိတ်မှောက်မယ်ဆိုပြီးရယ်စရာ သတင်းပါလာပါတယ်။
တကယ်တော့ သံဃတပ်ပေါင်းစုဆိုတာ အခုလက်ရှိအမေရိကန်ပြည်ထောင်စု နယူးယောက်ပြည်နယ်မှာရောက်နေတဲ့ မဂ္ဂင်ကျောင်းက ဦးပညာဇောတ တစ်ပါးထည်းနဲ့ မဲဆောက်က၀ရမ်းပြေးအဖွဲအစည်းတွေပေါင်းပြီး ကြေငြာချက်ထုပ်နေတာပါ။
သံဃာတော်ကတပါးဝရမ်းပြေးသူတောင်းစားတွေကများများနဲ့ ဖွဲ့ ထားတာပါ။
ပြည်သူတွေကလဲမယုံကြတော့ ဘုန်းကြီးထိပ်မှာထားပြီးလိမ်နေတဲ့အဖွဲ့ ပါ။
အခုတလော လှူမည့်ဒါန်းမည့်သူကလဲ ပါးရှားလာတော့ ဦးအောင်ဆန်းဦးကများ သူ့ လာပြီးဒေါ်လာလေးများ နဲနဲပါးပါးလာလှူမလားလို့  ထအော်တာနေမှာပေါ့။
အရှက်ကတော့ကုန်နေပါပြီ။
ဘယ်လောက်အော်အော် သူ့ ဝက်ဆိုဒ်ကို ပြည်တွင်းကဘယ်သူမှဖွင့်မရတော့ တယောက်မှသိပုံမပေါ်ပါဘူး။
နိုင်ငံရေးသမားဝရမ်းပြေးသမားတွေက လေထဲမှာနိုင်ငံရေးလုပ်နေကြတာ ရယ်စရာပါဗျာ။
ဘလော့ဂ်တွေမှာ အချင်းချင်းဆဲကြ ဆိုကြ ဒါကိုပဲ နိုင်ငံရေးသမားလုပ်နေကြနေလေရဲ့ဗျာ။
မကြာခဏ ကြေငြာချက်တွေထုတ်ကြပါတယ်။ ဘယ်ရက်ရောက်ရင် ဘာလှုပ်ရှားကြ စသဖြင့် ပြည်ပကနေ ထထအော်လေ့ရှိကြပါတယ်။
မတော်တဆများ ထအော်လိုက်လို့ တိုက်ဆိုင်မှုလေးများဖြစ်သွားရင် ငါကွ ဆိုပြီး လက်မထောင်တော့တာပဲ။
အမှန်ကပွဲဆူအောင်လုပ်မယ်။
ပွဲဆူရင် အမြတ်ထုတ်မယ်။
ပြည်သူကတော့ ထောင်ထဲမှာအထုခံပေတော့။
အခုလဲ ပွဲဆူအောင် ဦးအောင်ဆန်းဦးကို ဗုဒ္ဓဘာသာဝင်အဖြစ်က ထုတ်ပယ်မလို့ တဲ့။
ဟားဟား ပိဋကတ်စာပေရော တက်ရဲ့ လားမသိပါဘူးဗျာ။
ဗုဒ္ဓဘာသာက သူတစ်ဦးတည်းပိုင် ဘာသာလို့ ထင်နေရော့သလားမသိ။ အဲလိုခံယူထားရင်တော့ ဒေ၀ဒတ်ရဲ့ ခေတ်သစ်တပည့်ဖြစ်မှာပါ။
သူ့ ထုတ်တိုင်း ဟိုက ဘာသာမဲ့ဖြစ်ရောလား။
အတော်လဲရယ်စရာကောင်းတဲ့ ပျက်လုံးပါလား။
ြုမန်မာပြည်မှာ သံဃာ ၃ သိန်းကျော်ရှိတယ်။
ဘယ်သူမှန်လဲ စာရင်းကောက်ကြည့်ပါလား။
နောက်ပြီး ထေရ၀ါဒနဲရော ဗုဒ္ဓတရားတော်အရရော မှန်ကန်ပါရဲ့ လားဗျာ။
မြှောက်ပေးတိုင်းလိုက်လုပ်မနေကြနဲ့ ဦးဗျာ။
အတော်လဲအရှုးထကြပေသကိုး။
နဲနဲတော့လဲ ရှက်တက်ကြပါဦးဗျာ။
လူဝတ်ကြောင်တွေအရှက်နဲတာကကိစ္စမရှိပေမယ့် ဘုန်းကြီးအမည်ခံတွေ ပေါကြောင်ကြောင်နိုင်တာကတော့ တယ်ရုပ်ဆိုးပါတယ်ဗျာ။

ကျွန်တော်ဝရမ်းပြေးပါခဗျာ။
ဆက်လက်ဖော်ပြပါဦးမယ်။

2 comments:

  1. နအဖ က ဘယ်တုန်းကများ နိုင်ငံခြားသား အိမ်ယာမြေ ပိုင်ဆိုင်ခွင့် ပေးလိုက်သတုံး... မလို တမျိုး လိုတမျိုး နအဖ က အောင်ဆန်းဦးနဲ့ သိန်းလဲ့နွယ် တို.US Citizen နှစ်ဦးကို အိမ်ယာမြေကွက် ချပေးတာ ပုဂံမှာ လူတိုင်း အသိ (သိန်း၆၀၀၀ တန် အိမ်ကြီး ဟီးလို.)- သိန်းလဲ့နွယ် ဆိုတာကလဲ အောင်ဆန်းဦးနဲ့မရမှီ အဖြူ အမေရိကန်(၂)ယောက်+ဂျာမန်တယောက်နဲ့ တရားဝင် အိမ်ထောင်ကျဖူး ခဲ့တဲ့ တရုတ်ကပြားမ ဆိုတော့ လည်သလား မမေးနဲ့ ...ဗိုလ်ချုပ်တွေကို အိပ်ထဲထည့်ထါးတာ ..

    ReplyDelete
  2. ဟုတ်လား ဗိုလ်ချုပ်သားက မြန်မာဟုတ်ဘူးလား ဗိုလ်ချုပ်မျိုးဆက်က ဒါဆိုပျက်ပြီပေါ့ သမီးကလည်းနိုင်ငံခြားသားနဲ့ယူတာဆို မြေးတွေကလည်း မြန်မာရုပ်မပေါက်ဘူး မြန်မာစကားလည်း မပြောတတ်ဘူးဆို မျိုးရိုးပျက်ပြီပေါ့ဒါဆို ရာဇ၀င်မှာတော့ ဒို့ဘုရင်မျိုးနွယ် ကိုအင်္ဂလိပ်က ကုလားပြည်ပို့ပြီး မျိုးနွယ်ဖျက်လိုက်တာတော့ကြားဘူးတယ် ဒို့ဗိုလ်ချုပ်မျိုးနွယ်ကျတော့ ဘယ်လိုဖြစ်တာတုန်းဟ နှမြောစရာ အရမ်းကောင်းတယ် မျိုးရိုးဗီဇ အရမ်းကောင်းရဲ့သားနဲ့ကွာ

    ReplyDelete