Monday, February 8, 2010

ဝရမ်းပြေးများ တယ်ဂုဏ်ယူနေကြပါလား

အဟေး ဟေး
ရေးစရာက ပေါ်လာပြန်ပြီဟ။
အခုတလော ပြီးခဲ့တဲ့ ၂၀၀၇ တုန်းက ပြည်တွင်းမှာ ပြည်ပရောက်ဝရမ်းပြေးအဖွဲ့ တွေနဲ့  အသံလွှင့်ဌာနတွေ ဇာတ်တိုက်ဖန်တီး ဆူပူအောင်လုပ်ပြီး ပြည်သူလူထုကရော ကျောင်းသားတွေကပါ ဒင်းတို့ အကြောင်းတွေသိသွားလို့  ဘုန်းကြီးတွေဘက်လှည့်ပြီး ပွဲဆူအောင်လုပ်လိုက်ပါလေရော။
ဒီတော့ ဘာမှဘုမသိ ဘမသိ သံဃာငယ်လေးတွေ လမ်းပေါ်ထွက် စီတန်းလှည့်လည်မှုတွေ လုပ်ကြပါကုန်ရော။
တကယ်ပဲ စိတ်မကောင်းဖြစ်ရတာက နိုင်ငံရေးသမားတွေ ၀ရမ်းပြေးတွေအမြတ်ထုတ်သမျှ သံဃာငယ်လေးတွေ လှလှပပ ခံသွားရတာပါပဲ။
ပွဲဆူအောင်လုပ်ပြီး အမြတ်ထုတ်သွားကြတာ အကွက်စေ့လှပါတယ်။
နောက်ဆုံးတော့ ပြည်ပက ၀ရမ်းပြေးအသံလွှင့်ဌာနတွေ အမြတ်ထွက်ပြီး ဆုကြေးတွေဘာတွေရ ၀ရမ်းပြေးအဖွဲ့ တွေ ဒေါ်လာတွေ သန်းချီရကုန်တာပါပဲ။
ဘာမှမသိရှာတဲ့ သံဃာလေးတွေ ၀ရမ်းပြေးတွေဖြစ် ဘ၀တွေပျက်ကုန်ကြတာပါပဲ။
ခုလဲ ပြည်တွင်းမှာဝင်ပြီး ပွဲဆူအောင်လုပ်သူတွေက ခိုးကြောင်ခိုးဝှက်ရိုက်ထားကြတဲ့ ရုပ်ရှင်အပိုင်းအစလေးတွေစုပြီး ဘားမား ဗွီဂျေ ဆိုပြီးရုပ်ရှင်ရိုက် ပြသနေကြ ဆုတွေဘာတွေအတွက် ဇကာတင်အဆင့်တောင်ရောက်ကုန်ရောဆိုပဲ။
ဂုဏ်ယူစရာပါပဲ။
ပြောချင်တာက ဒီလိုပါ။
ပြည်သူကို သံဃာတော်တွေကို ခုတုံးလုပ်ပြီး ကိုယ်ကျိုးရှာ အမြတ်ထုတ်သွားကြတာ ရင်နာလွန်းလို့ ပါ။
အားလုံးသိကြမှပါ။
သံဃာတွေရဲ့ ပုံကိုစည်းမရှိ ကမ်းမရှိ ဓါတ်ပုံတွေ ရုပ်ရှင်တွေရိုက်လိုက်ကြတာ။ ဘယ်သူကများခွင့်ပြုချက်တွေပေးထားလို့ လဲ။
ဝရမ်းပြေးတွေအားလုံးသိမှာပါ။
ဒင်းတို့ ရောက်နေတဲ့ နိုင်ငံတွေမှာ အဲဒီလိုရိုက်ခွင့်ရှိလို့ လား။
ခုတော့ဗျာ ရိုက်ပြီး အွန်လိုင်းမှာ အခုထိတင်ထားလိုက်ကြတာ။ နောက်ဆုံးရုပ်ရှင်တောင် ရိုက်လိုက်သေး။
အဲဒီဓါတ်ပုံ ရုပ်ရှင်ထဲမှာ ပါတဲ့ သံဃာလေးတွေ ပြည်သူတွေက ဘယ်လိုနေလို့ ရနေတာ့မလဲ၊ သေချာပေါက်အဖမ်းခံရတော့မှာပေါ့။
ရက်စက်ယုတ်မာလိုက်ကြပုံများ ဘုန်းကြီးတောင်မရှောင်ဘူး။
ကိုယ်ကျိုးရှာ အမြတ်ထုတ်ဖို့ ဆို။
ကိုယ်ကျိုးအတွက်ကြီးပဲ ကြည့်ပြီး အတ္တတွေအမှောင်ဖုံးနေတော့ ဘယ်သူသေသေ ငတေမာရင်ပြီးရောအပေါက် ချိုးနေကြတော့တာပဲဗျာ။
ဘယ်သူက ခွင့်ပြုချက်ရလို့ များ အဲလိုလုပ်ကြတာပါလိမ့်။ အဲလိုရောစဉ်းစားမိကြရဲ့ လားဗျာ။
ပြောနေကြတာတော့ ၀ရမ်းပြေးအဖွဲ့ အစည်းတွေကြားတဲ့ လူ့ အခွင့်အရေးဆိုပြီး မကြားချင်လောက်အောင် အော်နေဟစ်နေလိုက်ကြတာဗျာ။
ကဲ အခုလို လုပ်နေတာကြတော့ ဘယ်သူမှမပြောကြပါလား။
တော်တော်လဲ တရားကျစရာပါလားဗျာ။
ဒါကြောင့်လဲ ဒီမိုကရေစီ နိုင်ငံဖြစ်လာမှာ အရမ်းကြောက်နေကြလို့  ရွေးကောက်ပွဲကို ဖျတ်လိုဖျတ်ဆီးလုပ်နေကြတာထင်ပါရဲ့ ။
တချိန် ဒီလူတွေကို ပြည်သူတွေက ဒီအတိုင်းဘယ်ကြည့်နေမှာလဲဗျာ။
ကျွန်တော်ကသာ ဒီလိုစဉ်းစားမိတာပါ။
ဘယ်ဝရမ်းပြေးကမှ ဒီလိုစဉ်းစားမိကြပုံမပေါ်ပါဘူး။
ဒီတော့ ၀ရမ်းပြေးအဖွဲ့ အစည်းတွေရဲ့ လက်ဝေခံ သတင်ထောက်တို့  ဓါတ်ပုံဆရာတို့ ထောင်အနှစ် ၃၀ ၊ ၄၀ ကျတာ နဲတောင်နဲသေးတယ်ဗျာ။
အခုလဲ နိုင်ငံတော်ရဲ့ ရွေးကောက်ပွဲ နီးလာလို့  ပြည်ပက ၀ရမ်းပြေးတွေ သွေးထိုးလှုန့် ဆော် အမြတ်ထုပ်ဖို့ ကြံစည်နေကြပြန်ပြီ။
ဒီတခါတော့ ပြည်သူတွေက နားလည်သဘောပေါက်သွားပါပြီ။
တကယ်တော့လဲ ဒင်းတို့ ကသာ ရွေးကောက်ပွဲကို ဝေဖန်လေကန်နေတာပါ။ ရွေးကောက်ပွဲဆိုတာ ဒင်းတို့ လို့ ဝရမ်းပြေးတွေနဲ့  လားလားမျှထိုက်တန်တာမှ မဟုတ်တာပဲ။
ဒီတော့ ဘေးထိုင် ဘုပြောရုံကလွဲလို့  ဘာများတက်နိုင်မှာလဲ။
ထိုက်တန်သူတွေကတော့ ၀န်ပြိုင်ကြမှာပါ။
ဒါတောင် အခွင့်အရေးမရှိဘူးလေး။ တရားမျှတမှုမရှိဘူးလေး ဘာဘာညာညာ ပြောလာရင်တော့ ဒင်းတို့ အားကိုးနေတဲ့ အနောက်နိုင်ငံက ပထွေးတွေရဲ့ အကူအညီနဲ့  ကျင်းပကြပေါ့။
ဟုတ်ဖူးလား...။
ဝင်ပြိုင်သူတွေကိုတော့ အချောင်းသမားတွေ အခွင့်အရေးသမားတွေဆိုပြီး သွားပုတ်လေလွင့်ပြောနေကြမယ့်အစား ကိုယ့်အရည်အချင်း ဘယ်လောက်ရှိတယ် ပြည်သူက ဘယ်လောက်ယုံကြည်မှုရှိလဲ ဆိုတာစမ်းကြည့်ပေါ့ဗျာ။
ဒီလိုတောင်အစမ်းသပ်မခံနိုင်ပဲနဲ့  ဘေးက ခွေးတွေလိုအူနေလို့ ကတော့ .....အချိန်ကုန်ရုံပဲနေမှာပေါ့။
အင်းလေ အချိန်ကုန်လေ ဒင်းတို့ အမြတ်ထွက်လေပေါ့။
အခုလိုရွေးကောက်ပွဲနီးလာချိန်မှာ ဒင်းတို့  ဖျတ်လို ဖျတ်ဆီး အစီစဉ်တွေကို စောင့်ကြည့်ရဦးမှာပေါ့။

ကဲ ဒီလောက်ပါပဲ။
ကျတော် ၀ရမ်းပြေးပါ။
အားလုံး ကျန်းမာချမ်းသာစွာ လိမ်ညာနိုင်ကြပါစေ။
ဆက်လက်ဖော်ပြပါဦးမည်။

No comments:

Post a Comment