Friday, January 22, 2010

နယ်စပ်က ၀ရမ်းပြေးအဖွဲ့ များ ဘယ်လဲ၊ဘာလဲ

အဟေး...ဟေး...
အခုတလောကြားရတဲ့ ၀ရမ်းပြေးသတင်းဌာနတွေရဲ့ ထုတ်လွှင့်ချက်တွေက စိတ်မကောင်းစရာပါပဲ။
နယ်စပ်မှာရှိတဲ့ ၀ရမ်းပြေးအဖွဲ့ အစည်းတွေကို ထိုင်းနိုင်ငံကနေ စိစစ်ပြီး လက်မခံတော့ဘူး ဆိုပဲ။
အေးလေး သူလဲဒီလောက်ပဲ သဘောကောင်းနိုင်မှာပေါ့။
နှစ်ယောက်တစ်ဖွဲ့  သုံးယောက်တဖွဲ့ နဲ့  အဖွဲ့ ပေါင်း ရာကျော်ရှိနေပါသော်ကော။
တကယ်တော့ မြန်မာပြည်မြေလတ်ပိုင်းက မကွေးလောက်လောက်ရှိတဲ့ မြို့ လေးမှာ ၀ရမ်းပြေးတွေဘ၀မေ့ပြီး ခြေချင်းလိမ်နေတာ။ ကြာကြာနေတော့ ထိုင်းကလဲ အမြင်ကပ်လာမှာပေါ့။
ဝရမ်းပြေးတွေ ရဲ့ အလုပ်က ၂ယောက် ၃ယောက်စုမိရင် အဖွဲ့ ထောင်မယ်၊ ဘလော့ဂ်လေးတခုလုပ်မယ်။
ရော်ဘာတံဆိပ်တုံးတခုလုပ်မယ်။ ပြီးရင် ဘလော့ကနေအလှူခံမယ်။
ရလာတဲ့ ဖွတ်ကလိဒင်္ဂါးလေးကို ဖာချ၊ အရက်သောက်မယ်။
နိုင်ငံခြားသား တယောက်လောက်တွေ့ ရင် နသပါးယား ပလူးပလဲလုပ်မယ်။
ပြီးရင် ၁ ဒေါ်လာရရ ၂ဒေါ်လာရရ အလှူခံမယ်။


ကောင်းလိုက်တဲ့ ဧရာမ ရည်ရွယ်ချက်ကြီးတွေပေါ့။ ဒီလိုသတိပေးလိုက်မှပဲဝရမ်းပြေးတွေလဲ ဘ၀မှန်သိသွားမှာ။
မဟုတ်ရင် အိမ်အကောင်စားတွေ၊ဆိုင်ကယ်အကောင်းစားတွေ၊ အရက်အကောင်းစားတွေနဲ့ ဝရမ်းပြေးစည်းစိမ်အပြည့်ယဇ်နေကြတာ အမြင်ကပ်စရာပါဗျာ။
ဝရမ်းပြေးအဖွဲ့ တွေက နေတော့သာ အိမ်အကောင်းစားနဲ့ ဗျ၊ အစည်းအဝေးတွေဘာတွေလုပ်ပြီဆို တောတွင်းတနေရာမှာလုပ်တဲ့ပုံစံလေးနဲ့  ဓနိမိုး ထရံကာ မဏ္ဍပ်ကလေးအောက်မှာ လုပ်ပြသေးတာ။
ကင်မရာမင်းကတော့ ဘေးကအကောင်းစားကြွေပြားကပ် တိုက်ကြီးကို ရှောင်ရိုက်ပေါ့။
တကယ်တော့ တော်လှန်ရေး၊နိုင်ငံရေးခေါင်းစဉ်တပ်ပြီး မတရားတဲ့နည်းတွေနဲ့ မဲဆောက်တို့ ချင်းမိုင်တို့ မှာ သူဌေးကြီးတွေစတိုင်လ်နဲ့ စည်းဇိမ်ယဇ်နေကြတာ ဂုတ်ပိုးကြီးတွေတက်ပြီး ၀ဖီးနေတာပဲ။
ပိဿာချိန်နဲ့ များရောင်းစားလိုက်ရရင်တော့ ဟင်း...ဟင်း။
ခုတလော မြန်မာပြည်မှာ တပ်တွင်းလက်အောက်ငယ်သားတွေ စားဝတ်နေရေးကျပ်တည်းလို့  တပ်တွင်းပုန်ကန်နေသယောင်ယောင် ၀ရမ်းပြေးသတင်းဌာနတွေက အော်ဟစ်နေလေးရဲ့။
ဒါက အခြေအနေတရပ်ဖြစ်တက်တဲ့သဘောပါ။ဟုတ်ချင်မှလဲဟုတ်မှာပါ။ တမင်လန်ကြုပ် ပြီး နယ်စပ်က၀ရမ်းပြေးတယောက်နဲ့ ဖုန်းဆက်သွယ်ပြီးသတင်းလုပ်တာနေမှာပါ။
ဒါက လူကြီးနဲ့  လက်အောက်ငယ်သားကြားမှာဖြစ်လေ့ရှိတက်တာပါပဲ။
ကေအင်ယူမှာဆိုပိုဆိုးသေးတယ်ဗျာ။ အရင်ဗိုလ်ချုပ်မြခေတ်ကများ ဗိုလ်ချုပ်မြတို့ ကောင်းစားပုံကတော့ နယ်စပ်နေသူတွေပိုသိမှာပေါ့။ ထိုင်းပုလိပ်ကအစ အလေးပြုကြတာ။ ပေးနိုင်ကမ်းနိုင်တုန်းကပေါ့။
သားတွေ သမီးတွေဆို အမေရိကန်မှာပို့ ပြီးတောင်ကျောင်းထားနိုင်တာ။ ကဲစဉ်းစားသာကြည့်။
သွားလေသူ ဖဒိုမန်းရှာဆိုလဲ ထိုနည်း၎င်းပါပဲ။
သူတို့ ရဲ့ အရှိန်အ၀ါ ကြီးလိုက်တာ။ တောထဲက ကေအင်ယူ ရဲဘော်ခဗျာ မျှစ်ပြုတ်ကို ဆားတောင်မပါရှာပဲ ပြုတ်စားရတာဗျ။ ဒါက ဗိုလ်ချုပ်မြခေတ်ကောင်းစဉ်ကပေါ့။
သူလဲမရှိတော့ရော သားတွေလဲ ဘာမှအရေးမပေးခံရတော့လို့  အမြင်မှန်တွေရ နိုင်ငံတော်နဲ့ လာရောက်ပူးပေါင်းရတဲ့ အထိဖြစ်သွားတာပါပဲ။
သိတယ်မဟုတ်လား အခုက တာမလာဘော ခေတ်လေ။ ဒီတော့ ဗိုလ်ချုပ်မြရဲ့ အမျိုးတွေ
ဘယ်ထောင်နိုင်တော့မှာလဲ။
တာမလာဘောရဲ့ တူ မ ၂ ၀မ်းကွဲလောက်တော်စပ်သူတောင် ထမီအငှားနဲ့ လျှော်တာဗျ။
ကောင်းစားနေပုံပြောပါတယ်။ တကယ်တော့ တော်လှန်ရေး နိုင်ငံရေးအရေခြုံပြီး ကိုယ်ကျိုးရှာနေကြတာ နှစ်တွေလဲကြာခဲ့ပါပြီ။လူတွေလဲ ခေါင်းဖြူဆွယ်ကျိုးဘ၀တွေဖြစ်နေပါပြီ။
ဒါတောင်အမြင်မှန်ကမရကြသေးပါဘူး။
တယ်လဲမိုက်လုံးကြီးကြသကိုး။ ပြောမယ့်သာပြောရတာ အဲဒီလိုစည်းဇိမ်အပြည့်ကတော့ မိုက်လုံးကြီးနိုင်ပေမပေါ့လေ။
ဝရမ်းပြေးဆိုလဲ မိုက်လုံးထွားမိမှာပါ။
ဒါတောင် ကေအင်ယူ၂ခြမ်းကွဲပြီး နယ်စပ်ကသစ်တွေ ခိုးရောင်းလို့ မရတော့လို့ ။ ပြီးတော့ စိတ်ကြွဆေးကလဲ ခေတ်ကအရင်ကလောက်မဟန်တော့လို့ ။ အရင်ကဆို ကေအင်ယူကနေ မိတ်အင်ကေအင်ယူ ဆိုပြီး ထုတ်လုပ်နေတာ။ ဒီတော့ သူဌေးဖြစ်နေတာပေါ့။
အခု ဖုံဖရ မြို့ နယ်မှာဆို FDP က Dr နိုင်အောင်ရဲ့  စိတ်ကြွဆေးပြားထုပ်ရာ စားကျတ်တွေပေါ့ဗျာ။ ထိုင်းနယ်စပ်မှာရှိတဲ့ တရုတ်နွယ် မျှော့ လူမျိုးတွေနဲ့ ပေါင်းပြီး လုပ်စားလာတာကြာခဲ့ပါပြီ။
အခုတော့ ထိုင်းက ကြပ်မက်လိုက်လို့ ငြိမ်နေကြတာပါ။
နိုင်အောင်အကြောင်းပြောရင်း တလောက စီဘောက်မှာ မိုးသီးရဲ့ ဘလော့ဂ်ကို ဘယ်ဝရမ်းပြေးက လင့်လာပေးသွားလဲမသိပါဘူး။ သွားကြည့်လိုက်ပါတယ်။ အံမယ် အလှူခံဌာနတောင်ဖွင့်ထားသေးတယ်။
ကုသိုလ်လိုချင်သူများသွားလှူလိုက်ကြပါ။
ပြီးခဲ့တဲ့ ၂၀၀၇ သံဃာ့ဆူပူမှုအပြီးမှာ ၀ရမ်းပြေးဘုန်းကြီး ပီနန်တောထွက်ဆရာတော်နဲ့ ပေါင်းပြီး သံဃဥသျှောင်ဆိုပြီးအဖွဲ့ ဖွဲ့ တယ်။ အလှူခံတယ်။ ဒေါ်လာတွေ သန်းနဲ့ ချီရလိုက်တယ်။ စာရင်းအရပေါ့။
ပြီးတော့ မဲဆောက်လာတယ်၊ မယားငယ်လေးတွေနဲ့ တ၀ကြီးနေသွားတယ်။အရက်အကောင်းစားနေတိုင်းသောက်တယ်။ အခုလက်ရှိအမေရိကန်ရောက်နေတဲ့ သင်္ကန်းကျွန်းမဂ္ဂင်ကျောင်းက ဦးပညာဇောတကို ယူဂျီမွေးဖို့ ဒေါ်လာလေးနဲနဲပါးပါးလှူသွားတယ်။
ဒီတော့ လှူထားသူများသာဓုခေါ်လိုက်ကြပါ။ နောက်တော့အဲဒီသံဃဥသျှောင်အဖွဲ့ လဲ အင်္ဂလန် ဦးဥတ္တရ (ဂေး ဘုန်းကြီး) ကပဲ ငွေတွေ ဘုန်းသွားသလိုလို မိုးသီးကပဲ ယူဂျီကြေးအနေနဲ့ သုံးပစ်သလိုလိုနဲ့  ပျောက်ကုန်တာပါပဲ။
ဒါတောင် နာဂစ်ဖြစ်တော့ အမြတ်ထပ်ထုပ်သေးတယ်။ အလှူခံဌာနဖွင့်ပြီး ထပ်လုပ်စားလိုက်သေးတယ်။
လှူတဲ့သူတွေ ကုသိုလ်ရတာပေါ့ဗျာ။ ၀ရမ်းပြေးတောင် ဘုမသိ ဘမသိ ဘုန်းကြီးအဖွဲ့ ဦးဆောင်တာဆိုတော့ ယုံလိုက်တာ။ မလိမ်လောက်ပါဘူးဆိုပြီးတော့ပေါ့လေ။ ဒေါ်လာ ၂၀၀ လောက်ပါသွားသေး။ နှမျောလိုက်ပါဘိ...ဟိ..ဟိ။
ဒါနဲ့ သူ့ ဆိုဒ်မှာ လင့်ချိပ်ထားတဲ့ ဥသျှောင်တို့  ၊သံဃာ့တပ်ပေါင်းစုတို့  ကိုဆက်လည်လိုက်ပါတယ်။
ဘုန်းကြီးဘလော့ဂ်သာဆိုတယ်၊ ကုသိုလ်ရစရာတကွတ်မှမတွေ့ ခဲ့ဘူး။ အလှူခံကောင်းအောင် ငိုပြ ယိုပြထားတာတွေပဲတွေ့ ခဲ့ရတယ်။ နောက်ဆူပူအောင် ဘာကမ်ပိန်း ညာကမ်ပိန်း လုပ်ကြဆိုပြီး ဖင်ထောင်အော်ထားတာပဲတွေ့ ခဲ့ရတယ်။ ဆရာ ဒကာ ညီလဲညီပါ့ဗျာ။ မိုးသီးကလဲ မြန်မာပြည်မှာ မီးပျက်တာ ထဆူကြတဲ့ မြှောက်ပေးထားတာတွေ့ ခဲ့ရတယ်။ သူကတော့ အမေရိကန်မှာ ဘာအလုပ်မှမလုပ်ပဲ ဇိမ်ကြ
လို့ ဗျာ။ ကျွန်တော်ပြောလိုက်ချင်ပါတယ်။ အဲဒီလိုအော်နေမယ့်အစား ခင်ဗျားကိုယ်တိုင် ပြည်တွင်းဝင်းပြီး သွားချပါလား။ ကျုပ်ဝရမ်းပြေးကိုယ်တိုင် လေယာဉ်ကွင်းအရောက် လိုက်ပို့ ပေးပါ့မယ်ဗျာ။
ဆူပူအောင် အဲကွန်း အောက်ကနေ ပြည်သူတွေဒုက္ခရောက်အောင် ဖြုတ်ဦးဏှောက်နဲ့  သွေးရှုးသွေးတန်းအော်မနေပါနဲ့ တော့။
ဝရမ်းပြေးတွေအခြေဆိုက်တဲ့ မဲဆောက်မြို့ ရော၊ ၀ရမ်းပြေးအဖွဲ့ တွေရော မကြာခင်မှာ အင်း...ကျွန်တော့်အထင် လပိုင်းလောက်ပဲ သက်ဆိုးရှည်တော့မယ်ထင့်ပါ့။
အကြံပေးချင်တာက ပြည်ပမှာ ၂ယောက် ၃ယောက် ဖွဲ့ နေမယ့်အစား ပြည်တွင်းမှာ ခင်ဗျားတို့ ကိုယ်တိုင် ဦးဆောင်ကြည့်ပါ့လား။ ခင်ဗျားတို့ အပေါ်ယုံကြည့်မှု ဘယ်လောက်ရှိတယ၊် ဘယ်လောက်ထောက်ခံတယ်ဆိုတာ သိရတာပေါ့ဗျာ။
တကယ့် ပြည်သူကိုချစ်တယ်ဆိုရင်ပေါ့။
ဝရမ်းပြေးကတော့ အမှန်အတိုင်းဝန်ခံတယ် ကြောက်လို့ ထွက်ပြေးလာတာပဲ။
လိမ်မစားဘူး။ ညာမစားဘူး။ ကိုယ့်အားကိုယ်ကိုး အလုပ်လုပ်စားတယ်။
ကဲပါလေ ...ဒီတပါတ်တော့ ဒီလောက်ပါပဲ။
ဆက်လက်ရေးသားပါဦးမည်။
ကျတော်ဝရမ်းပြေးပါခင်ဗျာ။
ကျန်းမာချမ်းသာကြပါစေ။
သြော် မေ့လို့ ဝရမ်းပြေးလဲ အဖွဲ့ ထောင်ထားပါတယ်။
တစ်ဦးပါတီတဲ့ ခဗျာ....ဟား....ဟား.....ဟား။
အလှူခံဌာနတော့ မဖွင့်ရသေးဘူး။
မအားသေးလို့ ။
လှူကြဦးနော်....။

1 comment:

  1. ကိုက်မှလုပ်မယ်ဆိုတဲ့ပုံပဲ သူတောင်းစားလုပ်မှ ပိုရတယ်(၁လ ၁၅၀၀၀၀နီးပါး) ဆိုတော့ ဒီထက်ရရင် ဒီထက်ဆိုးတာလုပ်မယ်နဲ့တူတယ် နဲနဲပါးပါးပပျောက် သွားတော့ပိုမကောင်းဘူးလား ဒါကိုသူတောင်းစား
    ဂိုဏ်းချုပ်နဲ့တူတယ် ပျောက်သွားမှမလိုလားဘူးလား မသိဘူး ဂေါ်နီအိပ် ၆ လုံးထမ်း၂ ယောက်ကလည်း
    ထောက်ခံထားတယ် ပီသတယ် သူတောင်းစားစိတ်ဓါတ်
    http://www.irrawaddy.org/bur/index.php/news/1-news/2562---ycdc----- ဒီလင့်ကိုကွန်မန်းပေးတာ ဟိုမှာပေးတာပေးလို့မရလို့ ဒီပို့ကလည်းသူတောင်းစားတွေအကြောင်းရေးထားတာဆိုတော့

    ReplyDelete