Friday, January 8, 2010

ဝရမ်းပြေးတွေအချင်းချင်းလဲ မတည့်ကြ

ဒီတပါတ်တော့ ဟောဒီ နေရာက ပို့ စ်လေးသဘောကျလို့  ကူးယူဖော်ပြလိုက်ပါတယ်။
ပြောကြဦးမယ်။ ဒို့ အဖွဲ့ ထဲမှာ နအဖ ကသူသျှို ရှိနေတယ် ဘာညာ နဲ့ ။
တကယ်တော့ ၀ရမ်းပြေးတွေဟာ အချင်းချင်းမတည့်ကြတာနဲ့ ပဲ ဖော်ကောင်လုပ်နေကြတာ။
ဒါကိုပဲ ဟိုလူ့ လက်ညှိုးထိုး၊ ဒီလူ လက်ညှိုးထိုး ၊စွပ်စွဲနေကြတာ။
ဒါနဲ့ ပဲ ၈၈ နောက်ပိုင်းတောထဲနယ်စပ်မှာ နိုင်အောင်တို့  မိုးသီးဇွန်တို့ လုပ်လို့  ချောက်တွန်းလို့  ဘုန်းကြီးရော၊ကျောင်းသားရော သေကုန်တာ မနဲပါရောလား။
တရားဥပဒေကလဲစိုးမိုးမှုမရှိတော့ လက်နက်ကိုင်ထားတဲ့ KNU ကိုသွားသွားလက်တို့  ၊ ဟိုက ကရင်ကလဲ ကကြီးကို ပုတ်လောက် စကောလောက်ရေးပြတာတောင်သိတာမှမဟုတ်တာ။
သေလိုက်ကြတာ မပြောပါနဲ့ တော့။
အခုလဲ အောက်မှာ ကူးယူ ဖော်ပြထားတဲ့ ဆောင်းပါးလေးသာ ဖတ်ကြည့်ပါတော့။
သြော် ...၀ရမ်းပြေးတွေ ၀ရမ်းပြေးတွေ.. အချင်းချင်းလဲမတည့်ကြပါလား။
သြော်....ကျတော်လဲဝရမ်းပြေးပါ။
အဟင့် မာန်တက်ပြီးဘ၀မေ့တော့မလို့ ....။

လုပ်စား

နယ်စပ်အတိုက်အခံတွေကို ဝေဖန်တဲ့သူတွေက လုပ်စားတွေလို့ ပြောတယ်။ လုပ်စားတယ်ဆိုတဲ့ စကားလုံးကို ဓားနဲ့ခွဲပြီး အထဲက ဘာဖြစ်လဲဆိုတာကြည့်ရအောင်....။

လုပ်စားသည်။

လုပ်မစားလို့....ခိုးစားရမလား။ တောင်းစားရမလား။

လုပ်စားတယ်ဆိုတာ အနုတ်လက္ခာမဆောင်ပါဘူး။ ဂုဏ်သိက္ခာရှိတဲ့အသွင်ကိုဆောင်တယ်။

လုပ်စားတဲ့သူတွေက အပြစ်မရှိပါဘူး။ အဓိက ခိုးမစားဖို့၊ လိမ်မစားဖို့။ ဒါက အပြစ်ရှိတာ။ ဘုရားလည်းမကြိုက်။ အိမ်က မိန်းမတော့ကြိုက်ရင်ကြိုက်မှာ။ သူတို့အတွက် ဆွဲကြိုးတွေ၊ လက်ကောက်တွေရနိုင်တယ်မဟုတ်လား။

၁၉၈၈-ခုနှစ်ကနေစပြီး နယ်စပ်အတိုက်အခံအဖွဲ့အစည်းတွေကို စာနာထောက်ထားတဲ့အဖွဲ့တွေကပေးတဲ့ငွေ ဘယ်လောက်ရှိလဲ။ ဒီနေ့အထိပေါင်းကြည့်။ ဘယ်သူသိလဲအတိအကျ။ သိရင် လင့်လေးပေးခဲ့ပါအုံး။

ဒီငွေတွေ ဒီနေ့ဒီအချိန်မှာ ဘယ်ရောက်သွားလဲ။ လုပ်စားတွေရသွားတာတော့ ကျိန်းသေတယ်။ ဒီငွေတွေကိုသာ စီးပွားရေးလုပ်လိုက်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ ရတဲ့အမြတ်နဲ့ နိုင်ငံရေးလုပ်ရင် သိပ်ကောင်းမှာ။ အခုတော့ သုံးလတစ်ခါ တောင်းစားနေရသလိုဖြစ်နေတယ်။ တကယ်တမ်းတွေးကြည့်ရင် သူတောင်းစားလိုပဲ...။ ဒါကိုဂုဏ်ယူတဲ့သူကရှိသေးတယ်...။ ငါအဖွဲ့က ပိုရတယ်ဆိုတာတောင် ပြိုင်လိုက်သေးတယ်...။ အရင်တုန်းက ပစ္စည်းမဲ့ဗကပတွေ၊ အခုတော့ နားမှ စိန်နားကပ်တွဲလွဲနဲ့တွေ့...။

လုပ်စားတာကောင်းပါတယ်။ လိမ်စားတာမကောင်းဘူးလေဗျာ...။

တချို့ တွေက စာရင်းပြတော့ ဒီလိုပြတယ်....။

ရေစာ ဘီယာသောက် ဘတ် ၅၀၀
သရဲကြောက် အဖေါ်ခေါ်အိပ် ဘတ် ၅၀၀၀
မဟာမိတ်ဆက်ဆံရေး ဘတ် ၈၀၀၀ (ဟိုတယ်မှာဖြစ်)
ငှက်ဖျားတက် ဆေးဝီစကီသောက် ဘတ် ၄၀၀၀
ပြည်တွင်းနိုင်ငံရေးလှုပ်ရှားမှု ဘတ် ၂၀၀၀၀ (အမျိုးတွေပေး)
(မှတ်ချက်...လမ်းထိပ်မီးကင် ဒေါ်စုလွတ်မြောက်ရေးစာကပ်)
အစည်းအဝေးတက် ဘတ် ၅၀၀၀ (လေယျာဉ်ခ)

နိုင်ငံရေးအကျဉ်းသား(ပြည်တွင်း) ဘတ် ၁၀၀၀၀ (ကျနော့်ညီ)


ဒါမျိုးတွေ ရှိတော့...လုပ်စားလို့ပြောလို့ရလား....။ မရရင် ဒါဆိုဘာလဲ...။

ဘာတွေလဲတော့ ကျတော်လဲမသိပါဗျာ...။

1 comment:

  1. ဒီလိုအမှန်တွေ ချတော့ဘယ်သူမှကွန်မန်းမရေးပါလား ရေးသာရေး ဘယ်သူမှကွန်းမန်းမရေးရင်ငါရေးမယ်

    ReplyDelete