Monday, November 23, 2009

UG အကြောင်းတစေ့တစောင်း

ဒီတခါတော့ ကျတော်ကိုယ်တိုင် ကိုယ်တွေ့ ကြုံခဲ့ရတဲ့ ယူဂျီအကြောင်းပြောရသေးတာပေါ့။
မဲဆောက်ကနေ ယူဂျီသင်တန်းပေးပြီး အလုံးစုံပျက်စီးရေးအတွက် မြန်မာပြည်ထဲကို လွှတ်နေတာတွေ မရှိဘူးလို့ တော့ မပြောလိုပါဘူး။
ရှိတာပေါ့ ABSDT,FTP,NDD,NLD(LA) စတဲ့အဖွဲ့ တွေ လွှတ်လေ့ရှိကြပါတယ်။
သူတို့ လွှတ်လိုက်တဲ့ ယူဂျီတွေက မဲဆောက်တဖက်ကမ်း မြ၀တီလောက်တင် အရက်သောက်ပြီး ပြန်လာကြတာ များတာပါပဲ။
လူအဖွဲ့ အစည်းတွေက အလုံးစုံပျက်စီးရေး ရှေ့ ရှုဦးတည်ပြီး ယူဂျီလွှတ်တာတော့ မပြောလိုပါဘူး။
သူတို့ ကလူဝတ်ကြောင်တွေပဲ။
ရွှေဝါရောင်အရေးအခင်းမတိုင်ခင်ကထဲက ပြေးလာပြီး မဲဆောက်မှာ လူဝတ်နဲ့ နေတဲ့ သင်္ကန်းကျွန်း မဂ္ဂင်ကျောင်းက ဦးပညာဇောတ ကတော့ဘုန်ကြီးတန်မဲ့ ဖောက်ခွဲရေးသင်တန်းတွေမှာ သံဃာလေးတွေကို ယူဂျီသင်တန်းတက်စေတော့တာပဲ။
ဒါလားဘုန်ကြီးလို့ တောင်မေးလိုက်ချင်တော့တယ်။
ဒါတင်ဘယ်ကဦးမှာလဲ မဲဆောက်မှာ ၀ရမ်းပြေးမိုးသီးတို့  ပီနန်ဘုန်းကြီးတို့ ရဲ့ အထောက်အပံ့နဲ့  အိမ်ငှား၊
အဲဒီအိမ်မှာ မိန်းမတွေတရုန်းရုန်းနဲ့ ၊သူတို့ အခေါ်ယူဂျီသင်တန်းပေါ့လေ။
ရှိစေတော့ ဘုန်းကြီးအကြောင်းပြောရတာ မကောင်းပါဘူး။
အထက်ကပြောခဲ့တဲ့ ယူဂျီမွေးသူတွေအကြောင်းပြန်ဆက်ရအောင်။
အခုထောင်ကျနေတဲ့ တကိုယ်တော်ဆန္ဒပြသူ ဦးအုန်းသန်းဆိုတာကြားဖူးကြမှာပေါ့။
အံမယ်သူက ကုန်ဈေးနှူန်းတက်လို့ တကိုယ်တော်ဆန္ဒပြတယ်ဆိုပဲ။
ရယ်စရာတော့ကောင်းသား သူ့ တစ်ယောက်ထဲအတွက် ကုန်ဈေးနှူန်းကကွက်ပြီးတက်ပုံရပါတယ်။
ဘယ်နေရာဖြစ်ဖြစ် လက်ကျောမတင်းရင်တော့ ထမင်းငတ်မှာပဲလေ။
ဒါနဲ့ ပဲအဖမ်းခံရရောဆိုပါတော့။
အဲဒါကို ပြည်ပက ၀ရမ်းပြေးအဖွဲ့ တွေက ဦးအုန်းသန်းဟာ သူ့ ယူဂျီပါ ငါ့ယူဂျီပါလို့ လက်ညှိုးထိုးပြီး ပရိုပိုဆယ်ရဖို့  အရေး လုကြပါရော။
ဟိုကတော့ ဘယ်သူ့ လူမှမဟုတ်ပါဘူး။
သူ့ ဘာသာသူလက်ကျောမတင်းလို့ ထမင်းငတ်တာနဲ့  ထအော်တာပါ။
ဘယ်လိုကြောင့်အော်အော် ပြည်ပက၀ရမ်းပြေးသူတောင်းစားတွေကတော့ လုပ်စားတော့တာပဲ။
သနားစရာပါ။
ဒါကသူတို့ အလုပ်ပဲလေ။
ပြည်တွင်းမှာပွဲဆူလေ သူတို့ အကြိုက်ဖြစ်လေပဲလေ။
ရွှေဝါရောင်ကိစ္စတုန်းကလဲ ၀ရမ်းပြေးအဖွဲ့ တွေ တော်တော်ချမ်းသာသွားကြတယ်ဆိုပဲ။
ဆိုလိုချင်တာတော့ မြန်မာပြည်သားတွေ မှန်မှန်ကန်ကန်နားလည်ထားရမှာက ထပြီးဆူဆူပူပူလုပ်လေ ပြည်ပက၀ရမ်းပြေးတွေ ထိုင်းမှာ အိမ်ကြီးအိမ်ကောင်းတွေ မယားငယ်တွေ အရက်အကောင်းစားတွေ ကားအကောင်းစားတွေနဲ့  ဇိမ်ကြနိုင်လေပါပဲ ဆိုတာ သဘောပေါက်နားလည်ထားကြဖို့ ပါပဲ။
မဲဆောက်မှာ တော်ရုံ ထိုင်းနိုင်ငံသားတောင်မနေနိုင်တဲ့ အိမ်ကောင်းကောင်းတွေဟာ သူတို့ ဝရမ်းပြေးတွေ
ရဲ့ အိမ်တွေပါပဲ။
တကယ်တော့ ယူဂျီဆိုတာမွေးစရာလဲမလို သင်တန်းလဲပေးစရာလဲ မလိုပါဘူး။
မဲဆောက်မြို့ လေးမှာ မြန်မာလူမျိုးက ၈၀ % ရှိတာပဲ။
စက်ရုံတွေအလုပ်ရုံတွေမှာ နိုင်ငံရေးသမားတွေသာ စည်းရုံးနိုင်မယ်ဆိုရင်ပေါ့လေ။
နယ်စုံရှိတာပါ။
ပြောတော့လဲ ပြည်သူတွေဖက်ကရပ်တည်တယ်ဆိုပဲ။
မဲဆောက်ရောက်လာတဲ့ အလုပ်သမားလေးတွေကတောင် ဒင်းတို့ ဆို
ခပ်ဝေးဝေးရှောင်ကြတယ်။
ခြေတော်အတင်ခံရပြီးမယားငယ်ဖြစ်မှာစိုးလို့ တဲ့။
ကဲဘယ်လောက်များ တန်းစီပြီးပါးရိုက်ချင်စရာကောင်းတဲ့ နိုင်ငံရေးသမားတွေလဲ။
မြန်မာပြည်တွင်းက ပြည်သူတွေမပြောပါနဲ့ ၊
ကိုယ်နေ တဲ့ နေရာရောက်လာတဲ့သူကိုတောင် ယုံကြည်မှုရအောင်မလုပ်နိုင်တာဗျာ။
ကဲ ၀ရမ်းပြေးအပေါင်းတို့ ရေ...
မဲဆောက်မှာရှိတဲ့ မြန်မာတွေရဲ့ ယုံကြည်မှုပဲရအောင်လုပ်ကြည့်ြ်ကပါဦးလို့ ပဲ ပြောလိုက်ပါရစေတော့။

ဆက်လက်ဖော်ပြပါမည်။
ကျတော်ဝရမ်းပြေးပါ။
အာလုံးကျန်းမာချမ်းသာကြပါစေ။


No comments:

Post a Comment