Monday, November 23, 2009

ပြည်ပ မီဒီယာများနဲ့ ဝရမ်းပြေးများ

ဒီတခါတော့ ပြည်ပက BBC,VOA,RFA,DVB စတဲ့ဝရမ်းပြေးများ ဦးဆောင်ပြီးအတင်းပြောနေတဲ့ အသံလွှင့်ဌာနတွေ အကြောင်းပြောရအောင်။
မပြောခင် နယ်စပ်တနေရာက ကရင်အဖိုးကြီးတယောက်အကြောင်း သွားသတိရမိတယ်။
ဖထီးမှာ ရေဒီယိုလေးဘာလေး မရှိဘူးလားဆိုတော့ ပလိုင်းအဟောင်းထဲက ရေဒီယိုလေး တလုံးထုတ်ယူလာပြီး နားထောင်လို့ ဝပါပြီကွာ၊ ဒီ လူလိမ်တွေအကြောင်းနားထောင်ရတာ မင်း င့ါတဲအောက်ကို ငုံ့ ကြည့်လိုက်စမ်း။ ဓါတ်ခဲအဟောင်းတွေ တောင်လိုပုံနေပြီ တွေ့ လား ဆိုတော့ ကျတော်လဲငုံ့ ကြည့်လိုက်တာပေါ့။
ဟုတ်ပါ့ဗျာ.. ဓါတ်ခဲအသေးစားလေးတွေ တဲအောက်မှာ ပလူပျံလို့ ။
အေး ငါနားထောင်လာတာ နှစ်၂၀ ကျော်ပြီ။ ဒီကောင်တွေဒီလိုပဲ လေပန်းပြီး တောင်အော်မြောက်အော်လိုက်အော်နေတာပဲရှိတယ်။ ဘာမှထူးမလာဘူးတဲ့။
ဟား...ဟား...ဟား...။
ကျတော်တောင်အဲဒီကရင်အဖိုးကြီးစကားကြောင့် ထရယ်မိတယ်။
သူကတကယ်တမ်း မီဒီယာတွေရဲ့ အကြောင်းမှမသိသေးပဲကိုး။
သူတို့ အလုပ်က သတင်းတပုဒ် ပေးပို့ နိုင်ရင် သတင်းထောက်ဆိုသူက ဥပမာ မဲဆောက်က အောင်ကျော်ဦး
တို့ အေးအေးမာတို့ က ဒေါ်လာ ၁၀၀ ရတာဗျ။
နားထောင်သူက ဘာမှမရပဲဓါတ်ခဲဖိုးပဲကုန်တာပေါ့။
သူတို့ ကလဲ သတင်းရဖို့ ဆိုရင် ပြည်တွင်းက လက်ကြောမတင်းလို့  ထမင်းငတ်လုလု တယောက်ယောက်က တတိယနိုင်ငံသွားချင်လို့ မဲဆောက်ကိုရောက်လာပြီဆို မြ၀တီတံတားထိပ်ကကို သွားကြိုတာဗျ။
အောင်မယ် အိမ်တွေဘာတွေတောင် ငှားပေးထားတာ။
လိုအပ်ရင်အိမ်ပေါ်ကိုတောင်ခေါ်တင်ထားတာ။
ထောင်ထွက်ဝရမ်းပြေးဆို ပိုပြီးမျက်နှာရတယ်ဗျ၊ဥပမာ ကျတော်တို့ လိုပေါ့။
သတင်းတွေရအောင်ယူမယ်လေ၊ပြေးလာသူကလဲ မဟုတ်တရုတ်တွေ ရှောက်ပြောပါလိမ့်မယ်။
ဒါမှလဲ တတိယ နိုင်ငံသွားရမှာကိုး။
အိမ်မှာမခေါ်ထားနိုင်တဲ့ ၀ရမ်းပြေးဆို အချိန်မရွေးဆက်သွယ်နိုင်ဖို့  ဟမ်းဖုန်းလေးတောင်ဝယ်ထားပေးသေး။
မဲဆောက်မှာက ဖုန်းအဟောင်းလေးတလုံး ရှိလှ ဘတ် ၁၅၀ ပေါ့၊ ဒီလောက်လေးရင်းလိုက်ရ ဘာမှကိစ္စမရှိဘူးလေ။ သတင်းတပုဒ်ရရင် ဒေါ်လာ ၁၀၀ ရမှာလေ။
အဲဒီဝရမ်းပြေးမှာ မေးစရာ ဗျူးစရာ ကုန်သွားရင်တော့ ဂျောင်းပေတော့။
မောင်းထုတ်တော့တာပဲ။
အံမယ် သူတို့ ဗျူးတာ မခံရင်တောင့် သူတို့ က ချိမ်းခြောက်ပြီး အစိုးရသူသျှိုလိုလို ဘာလိုလို သတင်းလွှင့်လိုက်မယ်ဆိုပြီး ခြိမ်းခြောက်သေးတာဗျ။
ဒီတော့ ကြောက်ကြောက်နဲ့ ပေါက်ကရ လိုက်ပြောရတော့တာပဲ။
အဲလိုပြောတာတွေကို ပြည်ပသတင်းဌာနတွေက အကြီးအကျယ်လေးပန်း လွှင့်ထုတ်ကြတော့တာပါပဲ။
ဒါကို ဘုမသိ ဘမသိ ပြည်သူတွေက နားထောင်ပြီး ချက်ချင်းပဲ ဒီမိုကရေစီ ရတော့မယောင် အိပ်ရေးပျက်ခံ၊ဓါတ်ခဲဖိုး အကုန်ခံပြီးနားသောတဆင်နေကြတာ အံ့ပါရဲ့ ။
ကျတော်ကိုယ်တွေ့ ပါဗျ။
ကျတော်လဲဝရမ်းပြေးကိုး သူကလှမ်းပြီးသတင်းမယူခင် ဒီနေ့ ဘယ်အကြောင်းလေးစဉ်းစားထားပါ။
ကျတော် နောက်၂ နာရီလောက်ကြာရင် လှမ်းမေးပါမယ်၊ဒီည သတင်းမှာ
ပါအောင်လို့ ပါဆိုပြီး လက်ဝါးချင်းရိုက်ထားကြတာဗျ။
အဲဒါ ကိုယ်တွေ့  ကိုယ်တွေ့ ဗျ။
ပြည်တွင်းက နာမည်ကြီးစာရေးဆရာတွေဆီ ထုတ်ဝေသူတွေက မျက်နှာငယ်ငယ်နဲ့ စာမူတောင်းရတဲ့ ပုံတောင်သွားမြင်ယောင်မိသေး။
အံမယ် တခါတခါ သူတို့ ဗျူးချင်လာရင် ညအချိန်မတော်လဲ ဖုန်းထလာတာ။
ဟာ..ခင်ဗျာကလဲ အချိန်မရှိကြီးဗျာ ဆိုရင် မောင်ရင်ရယ်နောက်နေ့  ဖုန်းကဒ်
ဝယ်ထည့်ပေးပါ့မယ် ဆိုပြီး ပြောသေးတာ။
အဗျူးခံရသူကလဲ နောက်နေ့ သူ့ ဗျူးခန်းလေးပါလာရင်ဝမ်းတွေသာလို့  ရှုးကြတာ ရှုးကြတာ။
ဒါကလဲ မဲဆောက်ရောက်ခါစမှာ ဖူးဖူးအမှုတ်ခံရတာ။ သူတို့ ညှစ်စရာ အတင်း အဲလေ သတင်းကုန်သွားရင်တော့ ကိုယ်က သွားလှမ်းဆက်တာတောင် မအားသေးလို့  နောက်မှခေါ်ပါတို့  အခုစတီရီယိုခန်းထဲရောက်နေတာတို့  အစည်းအဝေးတက်နေတာတို့  နဲ့ စုံနေအောင် ငြီးပြပါလိမ့်မယ်။
အမှန်က နိုက်ကလပ် ရောက်ရင်ရောက်နေတာဗျ။
ကျတော့်ကို ရှေ့ လာပြီးဗျူးနေတဲ့ သတင်းသမားဆိုရင် သူဗျူးနေကြ ဖောက်သည်ဆီက ဖုန်းထလာတော့ ဟာ..ဒီမှာလူသစ်ရောက်နေလို့ မအားသေးဘူး။နောက်မှခေါ်ဗျာဆိုပြီး ချက်ချင်းဖုန်းပိတ်ပစ်တာဗျာ..။
မြန်မာပြည်ကြီး ပြည်သူတွေနေလို့ မရအောင် ရစရာမရှိအောင်ပြောပြလေ ဒီကောင်တွေက သဘောကျလေပဲ။
အင်း ..ပြောရရင်တော့ ပြောမဆုံးတောင် တောသုံးထောင်ပဲဗျ။
ဆက်လက်ဖော်ပြပါမည်။
ကျတော်ဝရမ်းပြေးပါ။
အားလုံးကျန်းမာချမ်းသာကြပါစေ။

No comments:

Post a Comment