Monday, November 23, 2009

တော်တော်မြင်ပြင်းကပ်စရာကောင်းတဲ့ စာတစ်စောင်


ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံသို့ ဒေါ်အောင်ဆန်းစုကြည်၏ ပေးစာ (၁၁-၁၁-၀၉)
နိုင်ငံရေးသမားတွေရဲ့  ဘလော့ဂ် တွေမှာတွေ့ နေရတဲ့ အတော်မြင်ပြင်းကပ်စရာကောင်းတဲ့ စာတစ်စောင်ပါ။
အပေါ်မှာကြည့်နိုင်ပါတယ်။
အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်ရဲ့  အထူးကြေငြာချက်အမှတ် ၈/၁၁/၀၉ ပါ။
ရန်ကုန်မြို့ ကို စာလုံးမှားရိုက်ထားတာလေ။
အင်း...ဒါနဲ့ များ နိုင်ငံတော်အတွက် အကျိုးကျေးဇူးရှိမည့်လုပ်ငန်းများအတွက် ဗိုလ်ချူပ်မှူးကြီးနဲ့ များဆွေးနွေးချင်လို့ တဲ့။
ယုံရတာတော့ ခတ်ခတ်ကြီးပါ။
ဘာတွေများ အသံကောင်းဟစ်ဦးမလဲတော့ မသိပါဘူး NLD ရယ်။
တကယ်တော့ ဖွားဖွားကြီးလဲ သနားစရာကောင်းပါတယ်။
ပြည်ပရောက်ဝရမ်းပြေးတွေက လက်ညှိုးထိုးပြီး လုပ်စားတာခံနေရရှာတာပါ။
တချို့ နိုင်ငံရေးသမားတွေဆို ဒေါ်အောင်ဆန်းစုကြည် ထောင်ကလွတ်မှာကိုတောင်ကြောက်နေတဲ့ နိုင်ငံရေးသမား တော်လှန်ရေးသမားတွေကိုတောင် မျက်ဝါးထင်ထင်တွေ့ ခဲ့ရသေးတယ်။
ကျတော်ကတောင်မေးလိုက်သေး။ ဘာဖြစ်လို့ ဒေါ်စု လွတ်မှာစိုးရိမ်နေတာလဲဆိုတော့--
ဟာ..ကိုယ့်လူရဒေါ်စုလွတ်သွားရင် ငါတို့ ငတ်ပြီပေါ့ကွ။
သူရှိနေလို့ ဒို့ ကသူ့ ပြပြီးတောင်းစားနေရတာ တဲ့။
ကဲ ..ဘယ်လောက်များနိုင်ငံရေးသမားတွေ ကလိန်ကကျစ်ကြနေကြတာ၊
တယောက်နဲ့ တယောက်ခုတုံးလုပ်နေကြတာ ရင်နာစရာကောင်းလိုက်တာ။
ပါးစပ်ကတော့ နိုင်ငံအတွက်တဲ့..။
ဟား..ဟား..ဟား လို့ တောင်ရယ်လိုက်ချင်သေး။
ကိုယ့်အတွက် ပရိုပိုဆယ် ရမယ်ဆိုရင် ဒေါ်စုကိုလဲ ရောင်းစားဖို့ ဝင်မလေးပါလား.။
အခုလဲ ပြည်ပက တောင်းစားအဖွဲ့ တွေ ရင်တမမ ဖြစ်နေပါပြီ။
အနောက်နိုင်ငံတွေက ဒင်းတို့ လူလိမ်အုပ်စုတွေကို အယုံအကြည်မရှိတော့လို့  ပြည်တွင်းက နိုင်ငံတော်အစိုးရ
နဲ့ တိုက်ရိုက်ဆက်သွယ်နေလေတော့ အခြေအနေတွေ သိပ်မကောင်းတော့ဘူးပေါ့။
အရင်ကဆို ပြည်တွင်းကို လှမ်းပြီးသူတို့ ကပဲ တော်လှန်ရေးတွေအတွက်ငွေတွေပို့ ပြီး တကယ့်တော်လှန်ရေးသမားတွေမွေးနေသယောင်ယောင် ယူဂျီတွေ ရှိနေသလိုလို လုပ်စားနေတာကြာပေါ့။
ကိုယ်တိုင်က ၀ရမ်းပြေးဆိုပေမယ့် မြန်မာစကားပုံလိုပဲ အိမ်မရှိပဲခွေးမွေးချင်သေးတာ။
အင်းလေ ခွေးမွေးရင်ပိုက်ဆံရမှန်း အရသာက သိနေတာကိုး...။
ကောင်းကြရောပေါ့..။
တကယ်တော့ ဒေါ်အောင်းဆန်းစုကြည်ကိုတောင် သူတို့ ယူဂျီ
ပါလို့ ပြောချင်နေတာ...။
တကမ္ဘာလုံးက မယုံကြည်နိုင်တဲ့ ကိစ္စမို့ သာ။
ကဲကဲ..ဒီနေ့ တော့ဒီလောက်ပါပဲ။
နောင် ယူဂျီနဲ့  တောင်းပုံတောင်းနည်းတွေ ဆက်လက်ဖော်ပြပါဦးမည်။
အားလုံးကျန်းမာချမ်းသာကြပါစေ။
ကျတော်ဝရမ်းပြေးပါ။

No comments:

Post a Comment