Sunday, November 22, 2009

အစားချောင်လို့  သင်္ကန်းဝတ်ကြသူများဖြစ်ကရော





ပြောရမှာလဲ အားနာပါရဲ့ ဗျာ။
ခုတလော ကြားရ မြင်ရ ဖတ်ရှုရတာတွေက ရယ်ချင်စရာ အရမ်းကောင်းလှပါတယ်။
ပြောတော့လဲ ဘုရားသားတော်တွေတဲ့။
လုပ်လိုက်ရင်အပြောနဲ့ အလုပ် သောက်တလွဲကြီးပဲ။
စာရေးသူ ၀ရမ်းပြေးလက်သစ်လေးလဲ ဒေါက်တာ ရမ်းစွေ အဲလေ ဟုတ်ပေါင် လွဏ်းဆွေ ဘလော့ ကို
မကြာမကြာ နိုင်ငံရေးသမားတွေ ဘာတွေများလေပန်းပြီး ဘာတွေများ လိမ်နေလဲဆိုတာ သိရအောင်
သွားသွားချောင်းလေ့ရှိပါတယ်။
ဒါကြောင့်လဲ ဘလော့ လုပ်ချင်စိတ်က မျှိုသိပ်မရအောင်ဖြစ်လာလို့  ဘလော့စထောင်လိုက်တာပါပဲ။
အဖြစ်က ဒီလိုပါ။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သီရိလင်္ကာ ကိုအလည်အပတ် မသွားခင်က အဲဒီမှာသီတင်းသုံးတဲ့ စာသင်သားဘုရားသားတော်တွေက အံမယ် အော်ကြီးဟစ်ကျယ် သပိတ်မှောက်မယ်လေး၊ ခွက်မှောက်မယ်လေးနဲ့ ဗျာ၊
ပစ္စည်းလေးပါးလာလှူရင် လက်မခံဘူးလေး ဘာလေးနဲ့ .. ဟား...ဟား..။
သိတယ်မဟုတ်လား ဗိုလ်ချူပ်မှူးကြီးကလဲ ဗုဒ္ဓဘာသာကို အူးဝဲဆိုကထဲက ကိုးကွယ်လာတာပဲ ကိုယ်တော်တွေ ဘာကြိုက်တက်တယ်ဆိုတာ နှောကျေနေအောင်သိတာပေါ့။

အင်း...စာသင်သားကိုယ်တော်လေးတွေ သနားပါတယ်၊ ချို့ ချို့ ငဲ့ငဲ့နဲ့ စာသင်နေရတာ ဒေါ်လာ ၂၀၀ လောက် ကပ်လိုက်ရင် သူတို့ လဲစာသင်စာရိတ်ရတာပေါ့ ဆိုပြီး ကပ်လှူပူဇော်သွားလေရဲ့ ။
သူလဲ သံဃာလေးတွေကိုကြည်ညိုတက်ပါသော်ကော။

ဒါကြောင့် သီဟိုဠ်မှာ သံဃာတွေ ၂ ခြမ်းကွဲအောင် ဦးသန်းရွှေကပဲလုပ်သယောင်ယောင် နိုင်ငံရေးသမား ၀ရမ်းပြေးတွေက လက်ညှိုးထိုးကြပြန်ရော။

တကယ်တမ်းကျတော့ အဲဒီနိုင်ငံရေးသမား ၀ရမ်းပြေးလူလိမ်တွေက ဘယ်လောက်များလှူဖူးလို့ လဲ မေးရမလိုဖြစ်နေပြီ။
အနော် သိသလောက်တော့ သူတို့ ကိုယ်တိုင်ကိုက စားဝတ်နေရေး အတွက်နိုင်ငံတကာလှည့်လည်ပြီး လိမ်ညာ တောင်းရမ်းစားနေရတာကိုများ..ဟားဟား..။
ရေးရင်းရေးရင် ရယ်ချင်စိတ်တောင်ပေါက်လာတယ်။
တကယ်တော့ အဲဒီလို သပိတ်မှောက်ဖို့ အတွက် ပြည်ပ မီဒီယာတွေက မြှောက်ပေးတယ်၊ပြီးရင် ပွဲဆူရင် ငါလုပ်တာကွ လို့ လက်မထောင်မယ်၊ နောက်ပြီး လိမ်ညာပြီး ပရိုပိုဆယ်တောင်းမယ်၊ ပြီးရင် ဖာချ အရက်သောက်မယ် အဲဒီလို အဲဒီလို ရည်ရွယ်ချက်ကောင်းတွေနဲ့  သံဃာတွေကို မြှောက်ပေးတာ၊ မျောက်ပြဆန်တောင်းတာပေါ့၊(ကန်တော့နော် စကားပုံမို့ ပါ) လှူဖို့ တော့ဝေးစွ။

ဒီတော့ အရှင်ဘုရားတို့ လဲ အမြန်မှန်ရကြပါစေ။

ဝရမ်းပြေးတော့ အဖြစ်မခံကြနဲ့ ဘုရား။

ဝရမ်းပြေးချင်းတူရင်တော ဘုန်းကြီးဝရမ်းပြေးက ပိုနာမယ်။

နိုင်ငံရေးဆိုတာ သူ့ ထက်ငါ ကလိမ်ကကျစ်ကျနိုင် မိုက်နိုင်မှ တော်ကာကျတာ။

သူတို့ မြှောက်ပေးတိုင်း တောင်ပြောမြောက်ပြောပြောပြီး ဘာမှလိုက်မလုပ်နိုင်တော့ အစားချောင်လို့ သင်္ကန်းဝတ်ကြသူများ ဖြစ်ကုန်ကြရောပေါ့ ဘုရား။

တကယ်လို့များ ဦးသန်းရွှေ လှူတာ အလှူမခံကြည့်ပါလား ရန်ကုန်အပြန် လေဆိပ်မှာတင် ညီညီအောင် ထက်ဆိုးသွားမှာပေါ့၊ အဲဒီအချိန် မြှောက်ပေးသူတွေက ငါနဲ့ မဆိုင် သူဘာသာသူမှောက်တာ ဘာဖြစ်လဲ ဘာဖြစ်လဲ ဆိုပြီး မဲဆောက်တို့  ချင်းမိုင်တို့ မှာ ပလောင်းထင်း(ပလင်းထောင်)နေကြမှာ မြေကြီးလက်ခတ်ရင် လွဲချင်လွဲသွားမှာပါ.....

ကဲ...ဒီနေ့ တော့ဒီလောက်ပါပဲ။

ဆက်လက်ဖော်ပြပါမည်၊ ကျတော် ၀င်းဖေပါ အဲလေ ၀ရမ်းပြေးပါ။



ကျန်းမာချမ်းသာကြပါစေ။


No comments:

Post a Comment