Friday, February 26, 2010

ဝရမ်းပြေးများရင်ခုန်သံမြန်နေပြီ

အခုတလော ပြည်တွင်းမှာ စက်ရုံတွေမှာ ဆန္ဒပြမှုလေးတွေ မကြာခဏပေါ်ပေါက်တော့ ပြည်ပရောက် ၀ရမ်းပြေးတွေ အထူးသဖြင့် နယ်စပ်ရောက် ၀ရမ်းပြေးတွေ ရင်ခုန်သံတွေ မြန်လာသည်။
ချက်ခြင်းပဲ တတိုင်းတပြည်လုံး ဆူပူမှုတွေ ထဖြစ်ပြီး စစ်အစိုးရ ပြုတ်ကြ ၊ ငါတို့ တော်လှန်ရေးသမား၊နိုင်ငံရေးသမားတွေက ကြားဝင်အခွင့်အရေးတွေယူကြ၊ရကြ။ အမတ်လောင်းတွေ ဘာတွေဖြစ်ကြ စသည့် စသည့် စိတ်ကူး အိပ်မက်တွေနဲ့ ပေါ့။
တချို့ ကလဲ အဲလောက်တော့ စိတ်ကူးမယဉ်ဘူး။ သူတို့ ဘာသာသူတို့ ဆန္ဒပြတာကိုပဲ ဒါတွေက ပြည်တွင်းမှာရှိတဲ့ ငါ့ ယူဂျီတွေရဲ့  လုပ်ဆောင်ချက်တွေကွ ဆိုပြီး ဘီယာမူးကာ သွေးရှုးသွေးတန်းတွေ ပြောကြသေးတယ်။
ပရိုပိုဆယ် ထပ်ရမလားဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့။
ခက်တာက ဆန္ဒပြပွဲတွေကအေးအေးဆေးဆေးလဲ ပြီးသွားရော။ ဒီဟာမတွေက တယ်သတ္တိနည်းတာကိုး စသဖြင့် အပြစ်ပြောသံတွေတောင် ကြားနေရတယ်။
သြော်...၀ရမ်းပြေးတွေ ၀ရမ်းပြေးတွေ တချိန်လုံး ပြည်သူကို ခုတုံးလုပ် အမြတ်ထုတ်ဖို့ ပဲ စဉ်းစားနေတာပါလားဗျာ။
အင်းပေါ့လေ တချို့ ဝရမ်းပြေးတွေက တတိယနိုင်ငံတွေရောက်ကြပြီးကြီးပွါးနေကြတော့ လွမ်းလှပြီ အိမ်ကို။ မြန်မာပြည်ကြီးကိုလဲ ပြန်ချင်လှပြီ။ ဒီ ၈၈ ခေါ်တဲ့ ၀ရမ်းပြေးတွေကလဲ အားကိုးလို့ မရ အချင်းချင်းကိုက်နေကြတာနဲ့ အနှစ် ၂၀ ရှိသွားပြီ။
အားကိုးလို့ မရဘူး။ အထဲက ပြည်သူတွေကလဲ လုပ်ရင်လဲ အပြတ်လုပ်တာမဟုတ်ဘူး။
ဒီတိုင်းဆိုမလွယ်သေးပါဘူး။
န အ ဖ ကျင်းပတဲ့ ရွေးကောက်ပွဲပဲ အားကိုးရတော့မှာပဲ ဆိုပြီး ပြောသူကပြော။
ခတ်တာက ရွေးကောက်ပွဲ ၀င်မယ့်အဖွဲ့  ကျပြန်တော့ အချောင်သမား အခွင့်အရေးသမားတွေလို့ အပြောခံရဦးမယ်။
အင်း ဘယ်လို့ လုပ်ရပါ့။
၈၈ ဆိုတဲ့ ဒီငမိုက်သားတွေကလဲ ခုထိ မိုးသီး လူသတ်သမား၊ နိုင်အောင် လူသတ်သမား ၊ရော်နယ် အောင်နိုင် လူသတ်သမားနဲ့  လေပန်းကြတုန်းရှိသေးတယ်။
ဘာပဲပြောပြော ဒီအထဲမှာတော့ နိုင်အောင်ကတော့ လုပ်စား ကိုင်စားတက်တော့ စားပေါက်ချောင်နေတာပေါ့။
ဒီတော့လဲ မိုးသီးနဲ့ အောင်နိုင်တို့ ရဲ့  အသင်းအပင်းတွေက မနာလိုတိုရှည်တွေ ဖြစ်နေတာပေါ့။
ကောင်းလေစွ။
နိုင်အောင် က၀င်ငွေလေး ရွှင်တော့ ခုထိ မဲဆောက်မှာ မင်းသားပါပဲ။
ဘယ်သူမှ မလှန်ရဲပါဘူး။
အရက်သမားက အစ အရက်ဖိုးမရှိရင် ကိုနိုင်အောင် ဘာ ညာ ဆိုရင် သူက အိပ်ထဲက ၅၀၀ တန် ဘတ် ၁ ရွက် ထွက်လာဘို့  ၀န်မလေးဘူးဗျ။
ဒါပေမယ့် အပေးအယူလေးတော့ ရှိရတာပေါ့။
ကျွန်တော့ လူ ပြည်တွင်းမှာ ရှိတယ်။ ဘာ ညာ တော့ ပြောရတာပေါ့။
ဒါကလဲ မခတ်ပါဘူး။ နိုင်အောင်ဆိုတဲ့ ကောင်က ဘာသိတာမှတ်လို့ ။
လိုအပ်လာရင်တော့ ပြည်တွင်းက အမှိုက်ပုံးမှာ စာလေးဘာလေး ကပ်ပြရတာပေါ့။
ဘေးကတော့ ကိုယ့်ဘာသာကို ကြည့်ရှောင်ပေါ့။
ဒါပေမယ့် တခါ တခါ ဒီလူကပဲ ပြည်တွင်းက ထောက်လှမ်းရေးကို လက်ပြီး လက်တို့ လိုက်သေးတာ။
ဒါကလဲ ကိုယ်ညံ့ရင် ခံ။
နိုင်အောင်ကတော့ ပြုံးစိစိနဲ့  သဘောကျနေမှာပဲ။
သူ ပရိုပိုဆယ် ပိုရတော့မှာကိုး။
အင်း သူ့ ဟာနဲ့ သူတော့ ကွက်တိပဲ။
ဒါကြောင့်လဲ နိုင်အောင်ကို မဲဆောက်မှာ ဘယ်သူမှ မလှန်နိုင်တာပေါ့။
နောက်ဆုံး ခင်ဥမ္မာ အရင်ယောင်္ကျားကတောင် နိုင်အောင်ဆီမှာ ခုထိ အရက်ဖိုး လာတောင်းနေရတုန်းပဲဗျာ။
အင်းလေ ဘာပဲဖြစ်ဖြစ် နယ်စပ်က နိုင်ငံရေးလောကကြီးက လျင်သူစားစတမ်းပဲ။
မိုးသီးကရော ဘာဆက်လုပ်မှာလဲ။ လေဆက်ပန်းမှာလား။
ဘုန်းကြီးအဖွဲ့ တွေနဲ့ ပေါင်းပြီး ဘာကလိမ်ကျကြဦးမှာလဲ။

ဒီတော့ ၈၈ တွေရော ၉၆ တွေရော ၂၀၀၇ တွေရော ဖြစ်ပြီးခဲ့တဲ့ ချေးခြောက်တွေ ရေပြန်နှုးပြီး သောက်မနေကြနဲ့ တော့ဗျာ။
မကြာခင်ရွေးကောက်ပွဲ ကျင်းပတော့ မယ်။
ဒီတော့ ဒင်းတို့ လုပ်စားခွင့်ရလဲ လ ပိုင်းပဲ ရှိတော့မှာပါ။

ကဲဒီလောက်ပါပဲ။
အားလုံးကျန်းမာချမ်းသာကြပါစေ။
ဆက်လက်ဖော်ပြပါဦးမည်။
ကျွန်တော်ဝရမ်းပြေးပါခဗျာ။

No comments:

Post a Comment