Thursday, February 18, 2010

အနောက်အုပ်စု အားကိုးတဲ့ ၀ရမ်းပြေးတွေ မှတ်ဟ

ပြီးခဲ့တဲ့ ၂၀၀၉ တုန်းက ထင်ရှားတဲ့ အဖြစ်အပျက် ၂ ခုရှိခဲ့ပါတယ်။
တခုက ဒေါ်အောင်ဆန်းစုကြည် ခြံထဲ ရေးကူးဝင်တဲ့ ဂျွန်ယတ်တော ရယ်။
နောက် ၀ရမ်းပြေး ညီညီအောင်ရယ်။ ဒီ ၂ယောက်အကြောင်းကို နဲနဲ ယှဉ်ပြီးပြောချင်ပါတယ်။
တယောက်ကတော့ စီရင်ချက်ချပြီး မကြာခင်မှာ ၀ရမ်းပြေးတွေအားကိုးတဲ့ အမေရိကန်နိုင်ငံက အထက်လွှတ်တော်အမတ် ကိုယ်တိုင် လာရောက် ထုတ်ယူကယ်ဆယ်သွားလို့  အမေရိကန်ပြန်ရောက်ပြီး ကောင်းကောင်းနှပ်နေပါပြီ။
ညီညီအောင်ခဗျာတော့ ထောင်နန်းစံနေရနေဆဲပါပဲ။
ဒီမှာပြောချင်တာက ယတ်တောက အမေရိကန်နိုင်ငံသားစစ်စစ်ဆိုတော့ သူ့ နိုင်ငံသားသူလာကယ်သွားတာ အံ့သြစရာမဟုတ်ပါဘူး။ ဒါဆို ညီညီအောင်ကရော သူ့ နိုင်ငံသားမဟုတ်ပေဘူးလား။
ဘာလို့  ဒီအတိုင်းကြည့်နေတာလဲ။
ကျတော့် အမြင်ပြောရရင် အဖြေက ရှင်းပါတယ်။
ညီညီအောင်က ၀ရမ်းပြေးတယောက်ပဲ။ ဘယ်သူက အယုံအကြည်ရှိမှာလဲ။
ဒီတော့ ဘယ်ကယ်မှာလဲဗျာ။
ဒုက္ခသည် အဖြစ်ကလိမ်ကကျစ်လုပ်ပြီး နိုင်ငံသား အဖြစ်ခံယူပြီး မြန်မာပြည်ပြန်ဝင်၊ ငါကို မဖမ်းလောက်ပါဘူးဆိုတဲ့ စိတ်ကူးနဲ့ ပေါ့။ ဖမ်းရင်လဲ ငါတို့ ပထွေး အမေရိကန်က ဒီအတိုင်းမကြည့်နေလောက်ပါဘူးဆိုတဲ့ အချောင်သမားအတွေးလဲ ပါမှာပေါ့။
တကယ်တော့ အားကိုးလွန်းတာပါ။
ဒုက္ခသည်တွေကို ခေါ်ကထဲက သူ့ နိုင်ငံမှာ ကျွန်ပြုဖို့ ခေါ်တာပဲ။
မလွှဲသာလို့  နိုင်ငံသား အဖြစ်ခံယူခွင့်ပေးရတာပဲ။
သူ့ နိုင်သားစစ်စစ်လိုတော့ ဘယ်လာပြီး စောင့်ရှောက်မှာလဲ။

အမေရိကန်ဆိုတာ စိတ်ကူးတောင်ယဉ်လို့ မရပဲ အချောင်းလိမ်ညာ ဒုက္ခသည်စခန်းတွေထဲဝင်ပြီး အမေရိကန်စတဲ့ တတိယနိုင်ငံတွေဆီသွားကြ။ တတိယနိုင်ငံတွေရောက်တော့ ကိုယ့်နိုင်ငံကိုယ် အပုတ်ချ အပြစ်တွေပြောပြီး ထင်ရာစိုင်းချင်ကြတဲ့သူတွေ အတွက် သင်္ခန်းစာပေါ့ဗျာ။
ဒီတော့ တတိယနိုင်ငံတွေရောက်ပြီးတဲ့ဝရမ်းပြေးတွေရော ရောက်ဖို့  ဒုက္ခသည်စခန်းတွေမှာ ခွေးတိုး ၀က်
ဝင်တန်းစီနေသူတွေရော သတိသာ ထားပေတော့။ ဘ၀မေ့ပြီး မန်တက်မနေကြနဲ့ ။
တကယ်တော့ ဒင်းတို့ ကို ခေါ်ချင်လို့ ခေါ်တာမဟုတ်ဘူးဗျ။
သူ့ နိုင်ငံသားတွေရဲ့  အလုပ်အကျွေး ကျွန်ပြုဖို့ ခေါ်တယ်ဆိုတာ ရောက်နေကြတဲ့ ရွှေတွေအားလုံးသိကြမှာပါ။
ကျွန်စိတ်တွေက မပျောက်ကြသေးပဲကိုး။
ဒီအကွက်ကို ချောင်းနေတဲ့ အနောက်နိုင်ငံတွေက ဒီလိုလူလိမ်လူညာတွေအကြောင်းမသိပဲနေပါ့မလား။
သိပ်သိတာပေါ့။ သိလို့ လဲ အမြတ်ထုတ်နေတာပဲလေ။
ဒါပေမဲ့လဲ နိုင်ငံရေးသမား တော်လှန်ရေးသမားတွေကတော့ အမေကျော်ပြီး ဒွေးတော်လွမ်းနေဆဲပါပဲ။
ကိုယ်နိုင်ငံရဲ့  အရေးကို တကယ် စိတ်ဝင်စားတယ် ကိုယ်နိုင်ငံကောင်းကျိုးကို တကယ်လိုလားတယ်ဆိုရင် ကိုယ်နိုင်ငံမှာပဲနေကြပေါ့ဗျာ။
အခုတော့ အနောက်နိုင်ငံတွေအထင်ကြီးပြီး မရ ရတဲ့အောက်လမ်းနည်းတွေသုံးပြီး ရောက်လဲရောက်ရော လက်ကျောမတင်းပဲ နယ်စပ်မှာရေသာခို အချောင်လိမ်ညာစားလာသူတွေ ဒီလဲရောက်ရော ဒုက္ခတွေရောက်ကြတော့မှ ဒါအုပ်ချုပ်သူတွေမကောင်းလို့  အစိုးရမကောင်းလို့ ဆိုပြီး လေပန်းတော့တာပါပဲ။
ခုတလော NLD က ဒု ဥက္ကဌ ဦးတင်ဦးလွတ်လာတာကို ရေးကြီးခွင့်ကျယ် ၀ရမ်းပြေးအခြေစိုက်သတင်းဌာနတွေမှာဖော်ပြနေလိုက်ကြတာ။
သူ လွတ်လာတော့ရော ဘာဖြစ်လာမှာမို လို့ လဲ။
ဒါကိုပဲ တကယ့်ရေးကြီးခွင့်ကျယ်လုပ်နေကြတာ ရယ်ဖို့ တောင်ကောင်းသေးတော့တယ်။
ဒီမိုကရေစီ သမားတွေရဲ့ အလုပ်ကဒါပဲရှိတာကိုး ပြည်တွင်းမှာက သူ့ ကိုရှိတယ်တောင်ထင်ကြတာ မဟုတ်ဘူး။
လေထဲမှာတော့ ပါတီ အကြီးကြီးလို့  ထင်စရာပဲပေါ့။
သူ့ ဟာနဲ့ သူတော့ ဟုတ်နေတာပါပဲ။
အနောက်အားကိုးတဲ့ ၀ရမ်းပြေးတွေကလဲ မြှောက်လိုက် ပင့်လိုက်ကြတာ မပြောပါတော့။
ဟို လူကဖြင့် လမ်းတောင် ဘေးက တွဲမှ လျှောက်နိုင်တာ။
အားကိုးကြပေါ့။
မကြာခင်မှာ NLD ကကြီးမှူးပြီး ၀ရမ်းပြေးတွေအတွက်ရွေးကောက်ပွဲတခု လုပ်ပေဦးမယ်ထင်ပါရဲ့ ။
ရပါ့လိမ့်မယ်....ဒီမိုကရေစီကြီး။

ကဲ ဒီတပါတ်တော့ ဒီလောက်ပါပဲ။
ကျန်းမာ ချမ်းသာကြပါစေ။
ကျတော်ဝရမ်းပြေးပါခဗျာ။
ဆက်လက်ဖော်ပြပါဦးမည်။

သြော် ..စကားမစပ် ပြည်တွင်းကနေ blogspot.com တွေဝင်ကြည့်လို့ ရနေပါပြီ။
ဝရမ်းပြေးတွေ ၀မ်းသာအောင်ပါ။

No comments:

Post a Comment