Saturday, December 26, 2009

ဘယ်သူကတိုင်းပြည်ပိုချစ်သလဲ

ဆိုစရာရှိလာလို့  စာထရေးရပြန်ပြီ။
နိုင်ငံရေးဘလော့တွေမှာ ဒေါ်အောင်ဆန်းစုကြည်အိမ်ပြင်တာကို အစ်ကိုဖြစ်သူ ဦးအောင်ဆန်းဦးက ကန့် 
ကွက်လို့ ပွတ်ပွတ်ညံအောင် ရေးလိုက်ကြတာဗျာ။
လွတ်လပ်ရေးဖခင်ကြီးဗိုလ်ချူပ်အောင်ဆန်းမှာ လက်ရှိသားတစ်ယောက် သမီးတယောက်ရှိတာ အားလုံးသိမှာပါ။
တယောက်က အနောက်နိုင်ငံသားနဲ့ အိမ်ထောင်ပြု ကျွန်စိတ်ပေါက်ပြီး တိုင်းပြည်ကို အဖိုးဗိုလ်မင်းရောင် သေခါနီး ပြောသွားတဲ့စကားကိုမှမထောက်ပဲ အင်္ဂလိပ်ကိုလင်လုပ်ပြီး မျိုးမစစ်တဲ့ ဇာတ်လမ်းခင်းသွားတာလဲ အားလုံးအသိပါပဲ။
တကထဲဗျာ လင်ယူစရာရှားလို့  အင်္ဂလိပ်ကိုမှ လင်တော်ရတယ်လို့ ။
အဲဒီအထဲက မြန်မာလူမျိုးနဲ့ တိုင်းပြည်အပေါ်ကို ဘယ်လောက်သစ္စာမဲ့သွားတယ်ဆိုတာကြည့်ကြပေတော့။
ခုမှတိုင်းပြည်အပေါ် ကောင်းစားစေချင်တယ်လေးဘာလေးနဲ့  သူပြောစကားဘယ်သူက ယုံကြမှာလဲ။
တိုင်းပြည်ကိုကောင်းစားစေချင်တဲ့သူက အခုထိ တိုင်းပြည်အတွက် ဘာများလုပ်ပေးဖူးသလဲ မေးလိုက်ချင်ပါရဲ့။
ဖျတ်လိုဖျတ်ဆီး ဟိုဟာပိတ်ခိုင်း ဒီဟာပိတ်ခိုင်းနဲ့  ကြားထဲက ပြည်သူလူထုဒုက္ခရောက်အောင်လုပ်နေတာ ဘယ်လိုသွားယုံစားလို့ ရမှာလဲဗျာ။
နိုင်ငံရေးသမား သူတောင်းစားတွေရေ မြန်မာပြည်သူတွေကို အချဉ်တော့မထင်ပါနဲ့ ။
ဘယ်တော့မှ မြန်မာတွေဟာ ဒီလောက်အတွေးမခေါင်ဘူး။
ခေတ်အဆက်ဆက်အမြင်မကျဉ်းခဲ့ဘူးဆိုတာ သမိုင်းကိုပြန်ကြည့်လို့ ရတယ်။
ဒါကြောင့်လဲ တိုင်းပြည်ကို ကျွန်ဇာတ်သွင်းနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို မယုံကြည်တာပေါ့။
ယုံကြည်စရာကလဲ ပြည်သူတွေအပေါ်ဘာတစ်ခုမှ လုပ်ပေးခဲ့တာမရှိတော့ မြန်မာပြည်သူတွေကလဲ သူ့ ကို ရှိတယ်တောင်မထင်ကြတာ မဆန်းပါဘူး။
တကယ်သာ တိုင်းပြည်အပေါ် စေတနာထားပြီးတိုးတက်ရာတိုးတက်ကြောင်း လုပ်ပေးမယ်ဆိုရင်ဗျာ ကျတော်တို့ နိုင်ငံအနီးနားက ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို သိမှာပေါ့။
ဘယ်နေရာရောက်ရောက် သူကတခွန်းပြောလိုက်တာနဲ့  သူ့ ပြည့်သူက သူ့ ဘက်ကပါပြီးသား။
တကယ်လဲတိုင်းပြည်ကောင်းစားအောင်လုပ်ပြပေးခဲ့တယ်လေ။
အခုတော့ တိုင်းပြည်အတွက်ဘာမှလုပ်ပေးထားတာကလဲမရှိ လေတော့ ပြည်သူကလဲ သူလွတ်မြောက်အောင် ဆန္ဒထပြဖို့ နေနေသာသာ ရှိတယ်တောင်မထင်ကြတော့ဘူး။
ပြောမဲ့သာပြောရတာ ပြည်သူထားပါဦးဗျာ။ သူ့ နောက်လိုက် NLD ပါတီကရော အဲလိုစိတ်ကူးရှိရဲ့ လား။
တကယ်ရော ဒေါ်စု အပေါ်ယုံကြည်ရဲ့ လားဗျာ။
တကယ်ယုံကြည်ရင် တကယ်ဒေါ်စု လွတ်အောင် လုပ်ရဲ ကြရမှာပေါ့။
အခုတော့ အဲလိုမဟုတ်ပါဘူး။ နေရာလေးတနေရာရအောင် လုနေကြတာ ကြားရတာ ရယ်စရာပါပဲ။
ဟိုတလောက သရုပ်မှန်ပေါ်ပါလေရော လူကြီးတွေအသစ်ရွေးချယ်မယ်ဆိုတော့ တီးတိုးတီးတိုး နေရာလုသံတွေ ထွက်လာပါလေရော။
တကယ်လို များတိုင်းပြည်အာဏာ သူတို့ လက်ထဲများရောက်သွားရင် မတွေးဝံ့စရာပဲ။
လက်တဆုပ်စာအဖွဲ့ လေးမှာတောင် နေရာလုနေသေးတာဗျာ။
ပြည်ပရောက်နေတဲ့ နိုင်ငံရေးအဖွဲ့ အစည်းတွေကလဲ မြန်မာပြည်လွှတ်မြောက်အောင်လုပ်တာမှမဟုတ်တာ နေရာတနေရာ ရအောင်လုပ်နေတာ ကိုယ့်ကိုယ်တိုင်သိကြမှာပါ။
ဒါကြောင့် သူတို့ မပါရရင် ဘယ်လိုအခြေခံဥပဒေကိုမှ တရားမျှတယ်မပြောတော့ဘူးလေ။
ရယ်စရာတော့ အကောင်းသား။
အခုလဲ တိုင်းပြည်ကို တကယ်ချစ်တာ တကယ်မျိုးချစ်စိတ်ရှိတာက ဦးအောင်ဆန်းဦးပါ။
အမတန်ကလိမ်ကကျစ်ကျပြီး လူလိမ်တွေပေါတဲ့ နိုင်ငံရေးအရှုပ်ထုပ်ကြီးထဲမှာ ၀င်မပါသလို ဗမာပီပီ မြန်မာအမျိုးသမီးနဲ့ ပဲ အိမ်ထောင်ကျပြီး ဗိုလ်ချုလ်ရဲ့ သားဆိုတဲ့ဂုဏ်ကို ထိန်းသိမ်းနိုင်တာပါပဲ။
ဒါမှ စောင့်လေမျိုးနွယ်ဆိုတဲ့ မြန်မာ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးတဲ့ အာဇာနည်ရဲ့ သား သားအာဇာနည်စစ်စစ်ဗျ။
ကျတော့် အမြင်ပြောရရင် ဒေါ်စုလင်ယူမှားလို့ တိုင်းပြည်ဒီမိုကရေစီမရတာ လို့ ပြောရင်လွန်မယ်မထင်ပါဘူး။
ပြည်ပရောက်နေတဲ့ အမျိုးသမီးတွေလဲ လင်ယူတာသတိထားကြပေါ့။
မျိုးမစစ်တော့ရင် ဘယ်သူမှသူပြောတာမယုံကြတော့ဘူး.။
ယုံပါတယ်ပါးစပ်ကပြောနေရင်တောင် ပါးစပ်ယုံပဲရှိမှာပါ။
အခုလဲ ဦးအောင်ဆန်းဦးက မျိုးချစ်စိတ်ရှိသလောက် ညီမဖြစ်သူကတော့ တိုင်းပြည်ကိုကျွန်ဇာတ်သွင်းချင်နေလေရဲ့ ။
သြော်.... ကံသီပေလို့ ။
ဟိုတလောက သူငယ်ချင်းတယောက်နဲ့ ပြောဖြစ်တယ်။
ဒေါ်စုကတိုင်းပြည်အတွက် ဘယ်လုပ်နိုင်မှာလဲ ထောင်ထဲမှာပဲ အချိန်ကုန်နေတာကိုးတဲ့။
ဟုတ်ပါဗျာ့ ။ ထောင်ကျတယ်ဆိုကထဲက ညံ့လို့ ကျတာပေါ့။
ထောင်ထဲမှာ အချိန်ကုန်အောင်ဘာလုပ်ဖို့  နေနေမှာလဲဗျာ။
အပြင်မှာနေမှ အလုပ်လုပ်နိုင်မှာပေါ့။
ဒီလိုသာနေသွားလို့ ကတော့ ရပါလိမ့်မယ် ဒီမိုကရေစီကြီး။
ကဲလေ.. နောက်ဆက်လက်ရေးတာပေါ့။
ခုတော့ဒီလောက်ပါပဲ။

ကျတော်ဝရမ်းပြေးပါ။
အာလုံးကျန်းမာချမ်းသာကြပါစေ။

No comments:

Post a Comment